Sunday, November 23, 2008

Meiji Mura သို့ အလည်တစ်ခေါက် ရောက်ခဲ့စဉ်က (၁)



ပြတိုက်အကြောင်း လက်ကမ်းစာစောင်၊ ရွာဝင်ကြေး နဲ့ ကားစီးခ လက်မှတ်များ



Kyoto Streetcar



Village Bus

ဒီနေ့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မှတ်မှတ်ရရ၊ ဂျပန်နိုင်ငံက Meiji Mura ကို အလည်အပတ် လေ့လာရေးခရီး ထွက်ခဲ့ကြပါတယ်။ Mura ဆိုတာက ဂျပန်လိုခေါ်တာဖြစ်ပြီး၊ village (ရွာ) ကို ဆိုလိုတာပါ။ ဒီရွာကို ၁၉၆၅ ခုနှစ်၊ မတ်လက ဖွင့်လှစ်ခဲ့ပါတယ်။ မေဂျီခေတ် (၁၈၆၈-၁၉၁၂) အတွင်းက ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာလက်ရာတွေကို ထိန်းသိမ်းချင်တာရယ်၊ နှောင်းခတ် အများပြည်သူတွေကို သိရှိအောင် ပြသချင်တာရယ် စတဲ့အချက် တွေကြောင့် ဖွင့်လှစ်ခဲ့တဲ့ open-air museum ပဲ ဖြစ်ပါတယ်။

ဒီခရီးကို သူငယ်ချင်း လေးယောက်နဲ့ အတူသွားခဲ့တာပါ။ ကျွန်တော်နဲ့အတူ ဂျပန်သူငယ်ချင်း သုံးယောက်၊ မြန်မာသူငယ်ချင်း တစ်ယောက် ပါပါတယ်။ ရွာဝင်ကြေးကတော့ ဈေးကြီးတယ်ဗျာ၊ ယန်း ၁၆၀၀ ပေးရတယ်။ နောက်ပြီး ရွာထဲမှာရှိတဲ့ ရထား၊ ကား (သူတို့အခေါ် steam-locomotive train, Kyoto streetcar, village bus) စတာတွေ တစ်နေကုန် (အ၀စီး) ချင်ရင် နောက်ထပ် ယန်း ၈၀၀ ထပ်ပေးရမယ်ဗျ။ ကျွန်တော်တို့တော့
Kyoto streetcar ကိုပဲ သီးခြား ယန်း ၃၀၀ ပေးပြီး တစ်ကြိမ်ပဲ စီးခဲ့ပါတယ်။

သမိုင်းကြောင်းလေး ကြုံတုန်းပြောပြရရင် မေဂျီခေတ်ဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းမှာ အတော်ကို အရေးပါပါတယ်။ မေဂျီခေတ်မှာ ဂျပန်နိုင်ငံဟာ ပြင်ပကမ္ဘာ့နိုင်ငံတွေကို စတင် တံခါးဖွင့်ပေးခဲ့ပါတယ်။ ခေတ်မီဂျပန်နိုင်ငံ ဖြစ်လာစေဖို့အတွက် အနောက်တိုင်း ယဉ်ကျေးမှု၊ နည်းပညာတွေကို ဂျပန်နိုင်ငံတွင်းမှာ စတင် အစပျိုး၊ မိတ်ဆက်လာတဲ့ခေတ်လို့ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။

1 comment:

  1. တော်တော့ကို အသေးစိတ်မှတ်တမ်းလုပ်နိုင်တာပဲ။ တကယ်လေးစားမိပါတယ်။

    ReplyDelete

comment များ ပါဝင်ရေးသားပေးဖို့ ဖိတ်ပါတယ်ခင်ဗျား။